Friday, January 3, 2014

လုံခြုံရေး တာဝန်ယူရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မိတ္ထီလာအမတ် တပ်မတော် အရာရှိဟောင်း ဦးဝင်းထိန်အား တာဝန်ပေး

လုံခြုံရေး တာဝန်ယူရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မိတ္ထီလာအမတ် တပ်မတော် အရာရှိဟောင်း ဦးဝင်းထိန်အား တာဝန်ပေး

ရန်ကုန်၊ ဇန်န၀ါရီ ၁

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး တာဝန်ယူရန် ဒေါ်စုကိုယ်တိုင် မိတ္ထီလာ လွှတ်တော် အမတ် တပ်မတော် အရာရှိဟောင်း ဦးဝင်းထိန်အား တာဝန်ပေး ထားပြီး ဖြစ်ကြောင်းကို ဦးဝင်းထိန်က ဇန်န၀ါရီ (၁) ရက်နေ့ တွင် မြန်မာ သံတော်ဆင့်သို့ ပြော သည်။ ““ဒေါ်စုက အခုလူထုထဲကို
စည်းရုံးရေးဆင်းတာ များနေတော့ အန္တရာယ်တွေ ဒေါ်စုက လွှတ်တော် သွားတဲ့ အခါ ရဲတွေ၊ အထူးသတင်း တပ်ဖွဲ့တွေကလည်း ၀ိုင်းဝန်း ကူညီပေးတာတွေ ရှိနေတယ်။ အဲ့ဒီ လူတွေနဲ့ တွေ့တဲ့အခါ စကာြးေ ပာ နိုင်ဆိုနိုင်အောင် သူကိုယ်တိုင် တာဝန်ပေးခဲ့ တာ ပါ။ ဒေါ်စုသွားတဲ့ နေရာ တစ်လျှောက် ကိုတော့ ပါတီဝင်တွေကပဲ ချိတ်ဆက်ပြီး တာဝန်ယူနေ ကြတယ်လေ””ဟုပြောသည်။

ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ၁၉၈၈ – ၈၉ ကာလတွင် သုံးရောင်ခြယ် လူငယ်များက တာဝန်ယူခဲ့ပြီး ၁၉၉၅ -၁၉၉၆ ခုနှစ် နောက်ပိုင်းတွင် သုံးရောင်ခြယ် လူငယ်အဖွဲ့နှင့် NLD လူငယ်များ ပူးပေါင်း တာဝန်ယူခဲ့ကြသည်။ ၂၀၁၀ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်များတွင် NLD လူငယ်အဖွဲ့မှ လုံခြုံရေး တာဝန်ယူလျက် ရှိသည်။ …

ယခင် စစ်အစိုးရ လက်ထက် ၂၀၀၃ ခုနှစ် မေလတွင် စစ်ကိုင်း တိုင်း ဒေသကြီး ရွှေဘိုခရိုင်၊ ဒီပဲယင်း မြို့နယ် စည်းရုံးရေး ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းအား အကြီးအကျယ် တိုက်ခိုက်ခံခဲ့ရပြီး သမ္မတ ဦးသိန်းစိန် လက်ထက်တွင် အလားတူ ဖြစ်ရပ်မျိုး ကြီးကြီးမားမား ကြုံတွေ့ရခဲ့ခြင်း ယနေ့ထိ ဖြစ်ပေါ်ခဲ့ခြင်း မရှိခဲ့ပါ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် အဖွဲ့ချုပ်ဗဟို အလုပ် အမှုဆောင်အဖွဲ့က လုံခြုံရေး အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းခြင်းကို ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အစည်း အဝေးမှ ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံတော်အဆင့် လုံခြုံရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ပုံစံမျိုးစုံနှင့် ပြည်သူလူထုကြားကို စေလွှတ်တာကြောင့် သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။ ဒေါ်အောင်ဆန်း စုကြည် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းခြင်းများနှင့် သက်ဆိုင်မှု ရှိနိုင်ကြောင်း သတင်းအချို့ ထွက်ပေါ်ခဲ့သည်။ အဆိုပါ ကောလာဟာလများကို အတည်ပြုနိုင်ရန် ရဲမှူးကြီး မြင့်အေးအား မေးမြန်းရာတွင် ““ရဲ တပ်ရင်းကတော့ မလုပ်ပါဘူး။ ရဲကတော့ သူလုံခြုံရေးအလုပ် သူလုပ်တာပဲ။ အဆင့်ဆင့်တွေကိုတော့ အရပ်ဝတ်တွေနဲ့ စုံစမ်း တာတော့ ရှိမှာပေါ့””ဟု ပြောသည်။

ကျော်စိုးဦး
Myanmartandawsint Newspaper

No comments:

Post a Comment