Sunday, November 10, 2013
Online Accounts တွေကိုကာကွယ်ဖို့ နည်း(၅) နည်း။
clip_image002
Strong Passwords တွေကို အမြဲအသုံးပြုပါ။
Passwords တွေကိုရိုးရိုးရှင်းရှင်းပေးခြင်းဟာ ဖောက်ထွင်းခံရဖို့ လွယ်ကူတဲ့အတွက် သင့် Passwords တွေကို Strong ဖြစ်အောင်ပြုလုပ်သင့်ပါတယ်။မှတ်ရလည်းလွယ်တဲ့ ဖောက်ထွင်းရခက်တဲ့ Passwords တွေပေးရင်တော့အကောင်းဆုံးပါပဲ။ကောင်းမွန်တဲ့ Passwords တွေပြုလုပ်ဖို့ အောက်ကအချက်တွေကိုလိုက်နာသင့်ပါတယ်။
·         Dictionary ထဲမှာမပါတဲ့ စကားလုံးမျိုးကိုသုံးပါ။
·         Special Characters,Numbers တွေကို အသုံးပြုပါ။
·         Upper Case,Lower Case Letters တွေကိုရောနှောသုံးပါ။
·         စကားလုံးအနည်းဆုံး (၁၀) လုံးပါဝင်သင့်ပါတယ်။
·         Birthdate,Postal Code, Phone Number တို့ လို မှန်းဆရလွယ်တဲ့ Number တွေ၊စကားလုံးတွေကိုအသုံးမပြုသင့်ပါ။
မှတ်ရလွယ်ပြီးကောင်းမွန်တဲ့ Passwords တွေပြုလုပ်ဖို့ နည်းတွေ ရှိပါတယ်။
·         Letters တွေနေရာမှာ Numbers တွေ အစားထိုးသုံးပါ။ဥပမာ ။ thuzar အစား  thuz@1
·         Sentence တစ်ခုကစကားလုံးတွေ ရဲ့  ထိပ်ဆုံးစာလုံးတွေကိုအသုံးပြုပါ။ဥပမာ ။ “Everything I Do I Do It For You” ဆိုတဲ့ စာကြောင်းကနေ EIDIDIFY ဆိုတဲ့ Password ပြုလုပ်နိုင်ပါတယ်။
·         စကားလုံးတစ်ခု ကို Reverse လုပ်ပြီးသုံးပါ။ဥပမာ ။ neighborhood -à doohrobhgien
အပေါ်ကဥပမာ ပေးထားတဲ့ Passwords တွေကအရမ်းတော့ ကောင်းမွန်မှုမရှိပါဘူး။Numbers,Letters,Special Characters တေါ ပါဝင်ပြီးရှည်လျားတဲ့ Passwords မျိုးပေးနိုင်ရင်တော့ အကောင်းဆုံးပါ။ဥပမာ။   E1d_1D!4Y:
Passwords ပေးဖို့ မစဉ်းစားတတ်ရင် Pronounceable Password Manager လို Web App တွေကိုသုံးနိုင်ပါတယ်။
clip_image004
မတူညီတဲ့ Passwords တွေသုံးပါ။
Password Manager တွေ သုံးပါ။
အင်တာနက်စွဲလမ်းသူတွေ အတွက်တော့ Online Account တွေ ရာဂဏန်းလောက်ရှိမယ်ထင်ပါတယ်။အဲလောက်များတဲ့အကောင့်တွေ မှာ မတူညီတဲ့၊ မှန်းဆရခက်တဲ့ Passwords တွေကို သင်ဘယ်လို Manage လုပ်မလဲ? LastPass  လို Password Manager ကိုသုံးရင် Master Password တစ်ခုသာမှတ်ထားရမှာဖြစ်ပြီး ကျန်တဲ့ Passwords အားလုံးကိုမေ့ထားနိုင်ပါပြီ။ LastPass က Features တွေ များစွာပါရှိပါတယ်။ကောင်းမွန်တဲ့ Features အနည်းငယ်ကိုဖော်ပြလိုက်ပါတယ်။ Password Generator ပါရှိပြီး ဖောက်ထွင်းရခက်တဲ့ Passwords တွေကို ပြုလုပ်ပေးနိုင်ပါတယ်။ Passwords တွေကို ကဏ္ဍတွေခွဲပြီးမှတ်သားပေးနိုင်သလို Auto Login,Auto Fill  လုပ်ပေးနိုင်ပါတယ်။ Passwords သာမကဘဲ Secure Notes,Auto Fill Form တွေကိုပါမှတ်သားပေးနိုင်ပါတယ်။ LastPass က Online , Offline ရောသုံးနိုင်ပါတယ်။ Online မှာလည်းသင့်အကောင့်တွေကိုသိမ်းထားတဲ့အတွက် Device အားလုံးကနေ Sync လုပ်ပြီးသုံးနိုင်ပါတယ်။Online မှာသိမ်းထားလို့  စိတ်ချရပါ့မလား?အဲဒီအတွက် LastPass က Security Features တွေ များစွာပြုလုပ်ပေးထားပါတယ်။ Google Authenticator ကိုသုံးပြီး 2-step verification ပြုလုပ်နိုင်သလို တစ်ခြား Multi Factor Authentication လုပ်နိုင်တဲ့ Features တွေ လည်းရှိပါတယ်။LastPass က Free/Premium နှစ်မျိုးရှိပြီး Windows,Mac,Linux တို့ မှာ Free သုံးနိုင်ပါတယ်။ Premium ၀ယ်သုံးရင်တော့ Mobile ,Tablet တွေမှာပါသုံးနိုင်တယ်လို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။Password တွေကို Online မှာမသိမ်းချင်ရင် KeePass လို Open Source Freeware ကိုသုံးနိုင်ပါတယ်။ KeePass က LastPass လောက် Features တွေ မစုံသလို အသုံးပြုရတာသိပ်ပြီးအဆင်မပြေလှပါဘူး။
clip_image006
Two-Factor Authentication အသုံးပြုပါ။
Google,Facebook,Microsoft စတဲ့ Service တွေ က Two-Factor Authentication ကို Support ပေးပါတယ်။အဲလို မျိုး Service တွေမှာ Two-Factor Authentication ကိုအသုံးပြုခြင်းဖြင့်သင့်အကောင့်တွေကို Passwords နှစ်ထပ်ခတ်ပြီးလုံခြုံမှုရှိစေပါတယ်။ ဒီ Feature ကိုသုံးခြင်းဖြင့်သင့်အကောင့် Password တွေကို တစ်ခြားသူကသိသည့်တိုင်အောင် သင့်ဖုန်းသူ့ မှာမရှိတဲ့အတွက် သင့်အကောင့်ကိုသူဝင်လို့ မရတော့ပါဘူး။ Two-Factor Authentication က သင့်အကောင့်ကို သင့် Mobile Phone နဲ့  ပူးချည်ထားသလို ဖြစ်ပါတယ်။ GoogleMicrosoft အကောင့်တွေမှာ 2-step verification အသုံးပြုနည်းကိုရေးပေးဖူးပါတယ်။
clip_image008
Password Recovery ပြုလုပ်ဖို့ မတူညီတဲ့ အီးမေးသုံးပါ။
Websites တော်တော်များများမှာ  Password မေ့သွားရင် Recover လုပ်နိုင်ဖို့  တစ်ခြားအီးမေးတစ်ခုကို အသုံးပြုလို့ ရပါတယ်။Passwords မမေ့ခင်ကတည်းက Account Setting ထဲမှာ Setup လုပ်ထားဖို့ လိုပါတယ်။အဲဒီ Feature ကိုအသုံးပြုခြင်းဖြင့်သင့်အကောင့် Hack ခံရရင် ပြန်ပြီး Recover လုပ်နိုင်မှာပါ။
အချုပ်အားဖြင့်ပြောရရင် အင်တာနက်အသုံးပြုနေရင်တော့ ဘယ်အရာမှစိတ်မချရပါဘူး။ဒါပေမယ့်အပေါ်ကနည်းတွေကိုအသုံးပြုပြီးသင့်အကောင့်တွေကို အကောင်းဆုံးကာကွယ်နိုင်ပါတယ်။
- See more at: http://www.kothuya.com/2013/09/online-accounts.html#sthash.E750s8U5.dpuf
No comments:
Post a Comment