Sunday, September 15, 2013

ဂင်းနစ်စံချိန်တင်လိုက်တဲ့ ကမ္ဘာ့အငယ်ဆုံးကား

Smart Fortwo တို့လောက်ကို ကမ္ဘာ့အငယ်ဆုံးကားလို့ ထင်ရင် မှားသွား ပါမယ်။ ပုံမှာ မြင်တွေ့နေရတဲ့ ကားက တကယ့် ကမ္ဘာ့အငယ်ဆုံး ကား ဖြစ်ပါ တယ်။ ယခုရက်ပိုင်းလေးတင် ဂင်းနစ်စံချိန်တင်လိုက်တဲ့ကား ဖြစ်ပါတယ်။ 


အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ နေထိုင်တဲ့ ကားအင်ဂျင်နီယာ Austin Coulson မှ ဖန်တီးလိုက်တဲ့ကား ဖြစ်ပါတယ်။ တစ်နာရီ ၂၅ မိုင်မောင်းနှင်နိုင်ပါတယ်။ ဒီတော့ တက္ကဆက်ပြည်နယ် မှာ မောင်းနှင်ခွင့်လိုင်စင်ရရှိထားပြီး Slow speed vehicle စာရင်းထဲထည့် သွင်းထား ပါတယ်။ အမြင့်က ၂ ပေ၊ အရှည်က ၄ ပေသာ ရှိပြီး တကယ် ငယ်ငယ်လေးပါ။ သို့ပေမယ့် လူတစ်ယောက် အလွယ်တကူ လိုက်ပါ စီးနင်းနိုင်ပြီး စိတ်ကြိုက် မောင်းနှင်လို့ ရပါတယ်။

သို့ပေမယ့် ခရီးဝေးသွားဖို့ အဆင်မပြေလောက်ပါဘူး။ အမြန်လမ်းမမှာ လည်း အန္တရာယ် ရှိနိုင်ပါတယ်။ အမိုးလည်း မပါတာကြောင့် ဆိုင်ကယ် Helmet တော့ ခေါင်းမှာ ဝတ်ဆင်ဖို့ လိုအပ်တာ အမှန်ပါပဲ။ ထုတ်လုပ်ရောင်း ချရန် အတွက် မဟုတ်ပဲ စံချိန်တင်ရန် ဖန်တီးထားတဲ့ ကားကို ဖန်တီးသူ Austin နဲ့ ယခုလို မြင်တွေ့ ရပါတယ်။
.
Ref: auotblog
Aung Kham (ColayAutomobile)

No comments:

Post a Comment