မိမိနှစ်သက်တဲ့ အရောင်တွေအလိုက် ... စိတ်နေ သဘောထားတွေရဲ့
အဖြေနဲ့ လက်တွေ့ အခြေအနေ ကို မှန်/မမှန် တိုက်ကြည့်ရအောင်....
(1)အဖြူရောင် ကြိုက်သူများသည် စိတ် ဓာတ်ဖြူစင်မှုကို လိုလားကြတယ်တဲ့
(2)အနီရောင် ကြိုက်သူများသည် စိတ် ကြွတ်ဆပ်ပြီး ရန်လိုကြသည်။ သူ တစ်ပါးကို
ဝေဖန်ပြောဆိုလိုသူများ လည်း ဖြစ်ကြပြီး အကောင်းမြင်စိတ် နည်းပါးကြသည်။
အချို့အနီရောင် ကြိုက်ပြီး အေးအေးဆေးဆေးနေ တတ်သူများကမူ ဖော်ရွေတတ်ပြီး
အနီရောင်မှတစ်ဆင့် စိတ်ဓာတ် ခွန်အားကိုရယူလိုသူများဖြစ်ကြတယ်တဲ့
(3)ပန်းရောင်နှစ်သက်သူများက စိတ်ကြီး ဝင်တတ်သောအမျိုးသမီး များဖြစ်တတ်
ပြီး ဈေးဝယ်ထွက်ရခြင်း၊ မိန်းကလေး ဆန်သောပစ္စည်းများကို ကြိုက်တတ် ကြသည်။
မိခင်များ၊ ကိုယ်ဝန် ဆောင်မိခင်များက ပန်းရောင်ကို ပိုကြိုက်ကြသည်။
သူတို့၏ချစ်ခင် ယုယမှု၊ ဂရုစိုက်မှုများကို သူတစ်ပါး ကို ပေးချင်သကဲ့သို့
အခြားသူများဆီမှ လည်း ရယူလိုကြတယ်တဲ့
(4)လိမ္မော်ရောင်ကြိုက်သူများသည်
ပုံ ပြောကောင်းသူများဖြစ်သည်။ စကား ကို စီကာပတ်ကုံး ပြောတတ်ပြီး
ထင်ရှားသူများ စပ်စုတတ်သူများ ဖြစ်သည်။ လိမ္မော်ရောင်က ဦးနှောက်
နှင့်စိတ်ဓာတ်ကို အင်အားပြည့်စေ
သောအရောင်များ ဖြစ်သည်။
(5)အဝါရောင်ကြိုက်သူများသည် လူမှု ရေးအသိရှိသူများဖြစ်ပြီး ဥာဏ် ကောင်းကြသည်။ စီးပွားရေးလုပ်ငန်း များတွင် ဦးဆောင်ဦးရွက်
လုပ်ရသူ များဖြစ်သည်။
(6)အစိမ်းရောင် ငြိမ်းချမ်းခြင်းနှင့်မျှော် လင့်ခြင်းရှိသူများဖြစ်သည်။
နူးညံ့ သောစိတ်ရှိပြီး ပွင့်လင်းရိုးသားကြ သည်။ သီးသန့်နေရသည်ကို ကြိုက်
ပြီး သူတစ်ပါးကို ကူညီတတ်ကြ သည်။ အေးချမ်းသောအရောင်ဖြစ် ပြီး
မျက်စေ့ပြန်အားရှိစေရန်အတွက် အထောက်အကူဖြစ်သည်။
(7)အပြာရောင်
ကြိုက်သူများက စာနာ ရိုင်းပင်းတတ်ပြီး စိတ်ရှည်သူများ ဖြစ်သည်။
မိမိကိုယ်ကို ထိန်းချုပ်နိုင် သူများ ဖြစ်သည်။ ဥာဏ်အမြော်အမြင်
ရှိကြသော်လည်း ဝင့်ဝါလွန်းတတ် သည့် အခါလည်းရှိသည်။
(8)ခရမ်းရောင် နှစ်သက်သူများသည် သုခုမဆန်ပြီး ခနဲ့တတ်ကြ၍ စိတ် ဆတ်သူများ ဖြစ်သည်။
(9)အညိုရောင် သည် စိတ်ရှည်ခြင်း၊ တာဝန်ယူတတ်ခြင်း၊ အားကိုးနိုင် လောက်
ခြင်းတို့ကို ပိုင်ဆိုင်ကြသည်။ အစီအစဉ်ကို ဆွဲပြီးမှ ပြောင်းလဲ သွားသော
အခြေအနေမျိုးကို လိုက်လျောတတ်
ခြင်းမရှိကြချေ။
(10)မီးခိုးရောင် ကြိုက်သူများက စီးပွား ရေးလုပ်ကွက် ကျွမ်းကျင်သူများ
ဖြစ်ပြီး ဘဝကို အလှည့်အပြောင်း နှင့်နေလိုသူများဖြစ်သည်။
မေတ္တာ ရေးနှင့်ပတ်သက်ပြီး အလျော့ပေး တတ်သူများ ဖြစ်သည်။
(11)အနက်ရောင် ကို နှစ်ခြိုက်သူများ သည် သူတစ်ပါးကို ပဟေဠိဆန်ဆန် နေလိုပြီး မိမိတို့၏ခံစားချက်ကို ဖုံး ကွယ်ထားတတ်
သူများဖြစ်သည်။
Health Updates Journal
No comments:
Post a Comment