လေဆာကီးဘုတ် (Virtual Keyboard)
လေဆာကီးဘုတ် (Virtual Keyboard)
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လေဆာအလင်းရောင်နဲ့ ပေါ်နေတဲ့ အကွက်ပေါ်မှာ တကယ် typing ရိုက်လို့ရမှာ ဖြစ်ပါတယ်။
အမေရိကန်အခြေဆိုက် Brookstone - gadgets ပစ္စည်းထုတ် ကုမ္မဏီက ဖန်တီးလိုက်တာ
ဖြစ်ပါတယ်။ အော်ဒါမှာယူခွင့်ပေးတဲ့ ရက်ပိုင်းအတွင်း ကုန်သွားပြီး ဒီဇင်ဘာလ
လောက်မှ ပြန်လည်ရရှိမယ်လို့ ဆိုပါတယ်။ စမတ်ဖုန်း၊ လပ်(ပ်)တော့၊ Tablet
အစရှိသဖြင့် ပစ္စည်း စုံစုံလင်လင်နဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။
Bluetooth ပါဖို့တော့ လိုပါတယ်။ သူက Bluetooth နဲ့ အလုပ်လုပ်တာမို့
ဖြစ်ပါတယ်။
ကီးဘုတ်အရွယ်အစား ကြီး/ငယ်ကို ကိုယ်လိုသလို
ချိန်ညှိယူနိုင်ပြီး သာမန် ကွန်ပျူတာ တစ်လုံးသုံးသလိုပဲ အသုံးပြုနိုင်မှာ
ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်း နဲ့ Message ပို့တဲ့အခါ အလွယ်တကူ
ရိုက်ပို့နိုင်ပါတယ်။ အင်တာနက်သုံးရင် လည်း အဆင်ပြေပါတယ်။ အရွယ်အစားကလည်း
သော့ချိတ်သာသာပဲ ရှိပြီး သော့ချိတ်ပုံစံမျိုးပဲ ထုတ်လုပ်ထားတာ ဖြစ် ပါတယ်။
မြန်မာပြည် မှာလည်း မှာယူပေးမယ့် ကိုယ်စားလှယ်များ ရှိလာနိုင်ပါတယ်။
မူရင်း အင်တာနက်ကနေ တစ်ဆင့်ရောင်းချတဲ့ Brrokstone ရဲ့  လေဆာကီးဘုတ်
(Virtual keyboard) ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://tinyurl.com/cdgb4qr
www.ads.com.mm
No comments:
Post a Comment