Tuesday, July 9, 2013

လက်ကောက် USB Stick

လက်ကောက် USB Stick

==============

ကွန်ပျူတာအသုံးပြုသူတိုင်း မရှိမဖြစ်လိုအပ်တဲ့ အရာတွေထဲ မှာ
memory stick ကလည်း အဓိက အစိတ်ပိုင်းတစ်ခုပါပဲ၊အရေးကြီးဖိုင်တွေ
ဓာတ်ပုံတွေ၊သတင်းအချက်လက်တွေကို သိမ်းဆည်းပေးရတဲ့ stick ကို
မပျောက်ဆုံးအောင် ထိန်းသိမ်းရတာလည်း တစ်ကယ့်ကိုကြီးမားတဲ့ ဝန်တစ်ခု
လိုပါပဲ။

ဒါပေမယ့်အခုစာဖတ်သူတွေကို မိတ်ဆက်ပေးမယ့် stick အမျိုးစားကတော့
fancy အနေနဲ့အသုံးပြုလို့ရတဲ့ လက်ကောက် ပုံသဏ္ဍန်ပြုလုပ်ဖန်တီးပေးထား
တာကိုမြင်တွေ့ရမှာပါ။

သရေကြိုးနဲ့ပြုလုပ်ဖန်တီးပေးထားပြီး အမျိုးသားကော အမျိုးသမီးပါ ဝတ်ဆင်
မယ်ဆိုရင်လည်း သင့်တော်စေမှာပါ။ဒါကြောင့် ဘယ်သွားသွားအိပ်ထဲထည့်
စရာမလိုပဲ နေ့စဉ်ဝတ်နေကျ နာရီတို့ လက်ကောက်တို့လို ဝတ်ဆင် အသုံးပြု လို့ရတဲ့အတွက် မေ့ကျန်ခဲ့မှာ စိုးရိမ်စရာမလိုတော့သလို အမေ့ကြီးသူတွေ အတွက်တော့ အဆိုပါ USB Stick ကအဆင်ပြေစေမှာပါ။

ပြည်တွင်းဈေးနှုန်း ဘယ်လောက်ကျသင့်တယ်ဆိုတာ မသိပေမယ့်
နိုင်ငံတကာ အွန်လိုင်းစတိုးမှာတော့ ၁၁ ဒေါ်လာဝန်းကျင်နဲ့ ရောင်းချပေး
နေတယ်လို့သိရပါတယ်။

1 comment:

  1. မင်္ဂလာပါ: လက်ကောက် Usb Stick >>>>> Download Now

    >>>>> Download Full

    မင်္ဂလာပါ: လက်ကောက် Usb Stick >>>>> Download LINK

    >>>>> Download Now

    မင်္ဂလာပါ: လက်ကောက် Usb Stick >>>>> Download Full

    >>>>> Download LINK 0s

    ReplyDelete