Sea Game ကျင်းပရာ နေရာများ၌ ATM စက်များကို လိုအပ်သလို ထားရှိသွားမည်ဟုသိရ
Sea Game ကျင်းပရာ နေရာများ၌ ATM စက်များကို လိုအပ်သလို ထားရှိသွားမည်ဟုသိရ
=================================
ATM စက်များကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရာ နေရာများ၌ လိုအပ်သလို ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဇဘဏ် လီမိတက် အနဖြင့် နိုင်ငံတကာ အားကစားသမားများ အဆင်ပြေနိုင်စေရန်
Visa ကတ်၊ Master ကတ်၊ MPU ကတ်များဖြင့် သုံးစွဲ၍ရနိုင်သည့် ATM စက်များကို
Social Zone များ၌ လိုအပ်သလို ထားရှိဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် Official Main
Sponsor အဖြစ် ဆောင်ရွက်နိုင်ရန် ကမ္ဘောဇအုပ်စု ကုမ္ပဏီ လီမိတက်နှင့်
Organizer အဖြစ် ရရှိထားသော Dentsu & JK Co.,Ltd တို့၏ MOU နားလည်မှု
စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိ
ခြင်းဖြစ်သည်။ ATM စက်များထား ရှိခြင်းအပြင် Exchange Counter များကိုလည်း
ထားရှိသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့်
သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အချို့နေရာများတွင်မူ မိုဘိုင်း
ကားများ သုံးစွဲသွားမည်ဖြစ်ပြီး အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ
ပွဲတော်အတွင်း လာရောက်ကြမည့် ဧည့်သည်များအတွက် Sea Game Logo ပါရှိသော KBZ
Prepaid Card များ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း၊ Sea Game ကာလအတွင်း
ပြေးဆွဲပေးမည်ဖြစ်သော MAI နှင့် Air KBZ တို့၏ Charter Flight များတွင်လည်း
အထူး ဝန်ဆောင်မှုများ ဆောင်ရွက် ပေးသွားမည်ဖြစ်သည် ဟု ထုတ်ပြန်ထားသည်။
ကမ္ဘောဇအုပ်စု ကုမ္ပဏီ လီမိတက် အနေဖြင့် Official Main Sponsor ရရှိရန်အတွက်
နိုင်ငံတော်သို့ အမေရိကန်ဒေါ်လာ တစ်သန်းကို ပေးအပ်သွားမည်
ဖြစ်ကြောင်းသိရသည်။ (၂၇) ကြိမ် မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲကို
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင် စသည့် နေရာများတွင် ကျင်းပမည်
ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment