Wednesday, July 10, 2013

Facebook က ကျွန်တော့်ကို ဘယ်တော့မှ Phone နံပါတ် မတောင်းဘူး
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyarbuDIuGce1dZ28eUgZQqeO1ibPzXt7fq_tr0plBh9bKt7-X6GRz-BkvyP-a73VKq3hlz6cSwb5ndWMBchfg4O3IUMoHag8xkMtBHcMj-DgD-DG5pDWFmuviM3lleBvznxkszMmLCsM/s320/fbp.png
တကယ်ပါ ... ကိုယ့်အမည်ကို
ကိုယ်ဖော်တယ်ပဲထင်ထင်
ကြွားတယ်ပဲဆိုဆို ....

ကျွန်တော်က Facebook နဲ့
ပတ်သက်လာရင် သိပ်ကံကောင်း
တယ်လို့ ပြောရမယ်ထင်တယ် ..

ဘာကြောင့်လဲဆိုတော့
ကျွန်တော် Facebook အကောင့်ကို
ဘယ်အချိန်ပဲ အသစ်ဖွင့်ဖွင့်
ဖုန်းနံပါတ်အတောင်းခံရတယ်ဆိုတာ
လုံးဝမရှိခဲ့ပါဘူး ...

gmail အကောင့်ဖွင့်ရင်တောင် ငါးခုခြောက်ခုလောက်ဖွင့်မှ တစ်ခေါက်လောက်ပဲ ဖုန်းနံပါတ်နဲ့
Verification လုပ်ခိုင်းတာကို ကြုံရတာပါ ..


အဲဒီလို အကောင့်သစ်ဖွင့်တဲ့နည်းတွေကိုလည်း တစ်မျိုးပြီးတစ်မျိုး ရေးခဲ့ဖူးပါတယ် ..
ဗွီဒီယိုဖိုင်တွေတင်ပြီးတော့လည်း ရှင်းပြခဲ့ဖူးပါတယ် ... ဒါပေမယ့်
အချို့အနည်းငယ်အတွက်သာ အဆင်ပြေပေမယ့် ...
အဆင်မပြေတဲ့လူက ပိုများနေတာကို တွေ့ရပါတယ် ..
ကျွန်တော်လုပ်ပြတော့ အဆင်ပြေပြေနဲ့ ရသွားပြီး အခြားလူအချို့လုပ်တဲ့အခါကျတော့
ဖုန်းနံပါတ်တောင်းတာတို့ Security Code တောင်းတာတို့ စတဲ့ စိတ်ညစ်စရာအဆင့်တွေကို
ရောက်ရောက်သွားပြန်ပါတယ် ...

ဒါဟာဘာကြောင့်လဲဆိုတော့ .. ကျွန်တော့်ရဲ့ Browser မှာ History တွေ Cookies တွေ Track တွေ
သန့်ရှင်းနေလို့လို့ ကောက်ချက်ချရမှာဖြစ်ပါတယ် ..
တော်တော်များများက အင်တာနက်သုံးပြီဆိုရင် အဲဒီအသုံးပြုလိုက်တဲ့ Browser မှာ ကပ်ငြိကျန်ခဲ့တဲ့ History တွေ  Cookies တွေနဲ့ Track တွေကို သိပ်ဂရုမစိုက်ကြပါဘူး ..

ကျွန်တော်ကတော့ ကျွန်တော်သုံးနေတဲ့ Browser ရဲ့ သန့်ရှင်းရေးကို သိပ်ပြီး သတိထားပါတယ် ...
ကျွန်တော့်ရဲ့ Browser မှာ Ask.com လို Yahoo.com တို့ Tool Bar တွေ Search Engine တွေ
အပိုမရှိပါဘူး ...
အဲဒီလို Add on Tool bar တွေကိုတော့ Extension တို့ Add-ons တို့ကနေသွားပြီး remove တို့
Disable တို့လုပ်ပစ်နိုင်ပါတယ်
( အဲ .. Ask.com ဆိုတဲ့ Tool bar ကိုတော့ Uninstaller တစ်ခုခုသုံးပြီး Uninstall လုပ်မှ ဖျောက်နိုင်ပါမယ်)
နောက်ပြီး .. ဘယ်လောက်ပဲ အင်တာနက်သုံးသုံး ..
Browser ကို ပိတ်လိုက်တာနဲ့ History တွေလုံးဝကျန်မနေအောင်လို့
Browser ရဲ့ Options ကနေ Privacy ကိုဝင်ပြီး Never remember history လုပ်ထားပါတယ်

ဒါကိုလုပ်ဖို့ အရင်ဆုံး Browser ထဲက Recent histories တွေ အားလုံးကို အရင်ရှင်းရပါမယ်
Browser ရဲ့ ဘယ်ဖက်အပေါ်ဆုံးကိုနှိပ်လိုက်ပြီး ကျလာတဲ့ထဲက History ကနေ Clear Recent History ကိုနှိပ်ပါ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP2FjoNUjqWqVJJOBe64U14JCS0ggeuGZQ5WmI7TbbBshyig9l0Qh9lcekrq9D4iUkt2NyhvhyphenhyphenCfPsNwbEf4-0v_HC16srIt0F6ee1ZOVWDyvAvgjEpVsRJdw_oLAdDaVO3tBRDi2pcBg/s1600/w1.jpg



နောက်ထပ်ကျလာတဲ့ထဲမှာ everything ကိုရွေးပေးပြီး အောက်ဆုံးက Clear now ကိုနှိပ်ပေးလိုက်ပါ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyFCutxlNZvCRrtuX3QsPC7oF162k_bumr6fNLKr203MUBtTo2Q-Nrtp7_zbkINnh-GgkTb1sUuCqsqcBdNolA06tsPGOfRjXX6zRcIxnA_QbYhPpg6JUIOGQt2yc_tYV9Nmj2d-iLsa0/s1600/w2.jpg



ပြီးရင်တော့ Options ကိုသွားပြီး ပွင့်လာတဲ့ထဲက Privacy ဆိုတဲ့အောက်မှာ Never remember history ကိုရွေးပေးပြီး Ok ကိုနှိပ်ပေးလိုက်ရင် Browser ကို Restart ချရမယ့်အကြောင်း Message တက်လာပါမယ်
အဲဒါကိုလည်း Ok နှိပ်ပေးလိုက်ပါ ... Browser ဟာ ပိတ်ပြီး ပြန်ပွင့်လာပါလိမ့်မယ်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ97oLJbl5ZdnoWDp0FzEKdeDnSA-ZT7jILRIPykS_60g_k89tMcL6A2mhIXgDPay6SYlCsym_F5HoknNeayBULjXWGvYXVxxn66K4wcAwlP7aMZ9PqCGEG3PE0F2h2pgGj02SSCwkYDQ/s1600/w3.jpg



ဒါဆိုရင် .. Browser ကို ပိတ်လိုက်ပြီဆိုတာနဲ့ အဲဒီ Browser မှာရှိနေတဲ့ History တွေဟာ
အလိုလို Delete လုပ်ပြီးသား ဖြစ်သွားပါတယ် ...

အဲ .. အင်တာနက်မှာ ရှာဖွေတုန်းက appdata ဆိုတဲ့ထဲမှာ မှတ်သားထင်ကျန်နေခဲ့တဲ့
Cookies အချို့နဲ့ Track အချို့ကို ရှင်းပစ်ဖို့ကိုတော့ Wipe ဆိုတဲ့ ဆော့ဝဲလေးကို သုံးပါတယ်
Wipe ကို ဖွင့်လိုက်တာနဲ့ History တွေ Cache တွေ Cookies တွေနဲ့ Track ကို အရင်ဆုံး လိုက်ရှာပါတယ်
ရှာပြီးလို့ ငြိမ်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်း ပွင့်လာပါတယ် ..

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZAOqUSwQmzoQnYLutte872Ak-hupfnmuGeHLbQCKcZ9PBbE8nHe-9ye1TOgW-NJiJMP0cC3tRE2iWZTXRkVWDylliNPSfdyHNkFSHIR39bFcV2-N9RkMOkpPFNkFr2M_EmuL8MbL79Jc/s1600/w4.jpg



အဲဒီထဲက Continue ကို နှိပ်ပေးလိုက်တဲ့အခါ .. ခဏအကြာမှာ အောက်ကပုံလေး ထပ်ပွင့်လာပါတယ်
Internet Download Manager ထဲက Track တွေကိုရော ရှင်းပစ်မယ်ဆိုရင် Yes ကို နှိပ်ပေးလိုက်ပါ
Resume လုပ်ပြီး ဆက်ဒေါင်းစရာကျန်နေသေးတယ်ဆိုရင်တော့ No ကို နှိပ်ပေးလိုက်ပါ ( အကောင်းဆုံးကတော့ Yes ကို နှိပ်တာ အရှင်းလင်းဆုံးပါပဲ .. )

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtTNiKaEWByXKTCR6K_Ob-6IWU2kJc03pOZrNCHaoFwwHy6S9TZOUmXVTJ21glk-n-9s-CIA008lt3C2iAqkzss1GThBGQ3PrOCUjsPxMDoW9zU-XWOXBX2XE-1PcpGn6RfNqxbsUV7VA/s1600/w5.jpg



အဲဒီလို Yes/No တစ်ခုခုနှိပ်ပေးလိုက်တာနဲ့ ခဏအကြာမှာ အောက်ကပုံအတိုင်း ရှင်းလင်းရေး လုပ်ငန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlCTpDsDXCImnnsQchK9jFvXpBjJxM4tp9G5xz1x6iQm5fUj58vI29GtP4H_JKi8VxDGeTDrt5Ef_oe9h9c7boBJrqhQ9oAYktmGSFB75uyiT-OVYYOqPGFwmzpl9pV8oCNyGLXEfMsEw/s1600/w6.jpg



အားလုံးငြိမ်သွားပြီဆိုရင်တော့ Exit program ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် Browser အားလုံးမှာ History , Cookies, Cache နဲ့ Track တွေ အားလုံးနီးပါးကို
ရှင်းလင်းပြီးသွားပြီဖြစ်ပါတယ် ..

Wipe ဆိုတဲ့ ဆော့ဝဲလေးရဲက နောက်ဆုံးဗားရှင်းကို အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeGMBlp-D0kkp3u3qrMTUTI2l-O-1rdAADCxgOae1Lay9XykyJ3jLqtMb3iQiHSlEaa4i1MUPtYLDqDFSkQQKFcyXnCtD94i8YEqMSMyJlUj_OMuLQfMb7GZnxN3sBX1BOWAl27fDL1Kk/s1600/ClickHere.gif






Setup ဖိုင်ကို Install လုပ်ပြီးရင် Crack ဆိုတဲ့ဖိုဒါထဲက wipe ဆိုတဲ့ exe ဖိုင်လေးကို ကော်ပီကူးယူပြီး
C >> Program files >> Wipe 2013 ဆိုတဲ့ဖိုဒါထဲကို Paste လုပ်လိုက်ပါ
Message Box တစ်ခုပွင့်လာတဲ့အခါ Replace ပါတာကို ရွေးပေးလိုက်ပါ
ဒါဆိုရင် Full Version ဖြစ်သွားပါပြီ
အဲဒီလို အပေါ်မှာပြောခဲ့တဲ့အတိုင်း ရှင်းလင်းရေးတွေ လုပ်ဆောင်ပြီးသွားပြီဆိုရင်တော့ Gmail အကောင့်အသစ်တစ်ခုလောက် ဖွင့်ကြည့်ပါ .. (ကောင်းတာက အားလုံးရှင်းပြီးရင် Restart ချလိုက်ဦး)
အဲဒီလိုဖွင့်တဲ့နေရာမှာ www.google.com.mm ကို မသုံးပါနဲ့ www.google.com ကနေပဲသွားပြီး အကောင့်သစ်ဖွင့်ပါ
Phone number အကွက်နဲ့ Location အကွက်တွေမှာ နိုင်ငံအမည်ကို United States ရွေးပေးပါ
(ဖုန်းနံပါတ်တော့ ထည့်စရာမလိုပါဘူး)
အဲဒီလိုဖွင့်ကြည့်ပါ ..
အကောင့်ငါးခုမှာ တစ်ခုလောက်ပဲ Verification တောင်းတာကြုံရပါလိမ့်မယ် ..
များသောအားဖြင့်တော့ Phone နံပါတ်မလိုပဲ အကောင့်တစ်ခု ရသွားတာက များပါတယ် ..
gmail အကောင့်ရသွားရင် Browser ကို ပိတ် ..
အပေါ်ဆုံးမှာပြောခဲ့သလိုပဲ Wipe ကိုသုံးပြီး ရှင်းလင်းရေးလုပ်
Facebook အကောင့်သစ်ကိုဖွင့် .. (နံမည်ကို အင်္ဂလိပ်နံမည်ပုံစံနဲ့ဖွင့်)
အဲဒီလိုလုပ်ကြည့်ပါ ..
အကောင့်သစ်တိုင်းနီးပါးအတွက် ဖုန်းနံပါတ် အတောင်းမခံရတော့တာကို တွေ့ရပါလိမ့်မယ်
နားလည်ထားဖို့က Facebook အကောင့်သစ်ဖွင့်တိုင်း Lock ကျတာပဲဖြစ်ဖြစ်
မသင်္ကာလို့ Phone Verification တောင်းတာပဲဖြစ်ဖြစ်
အကောင့်ရပြီးမှ Security Code တောင်းတာပဲဖြစ်ဖြစ် Browser ထဲက
History တွေ Cookies တွေ Cache တွေနဲ့ Track တွေကြောင့်သာ ဖြစ်လာရတယ်ဆိုတာကို
နားလည်ထားရင် ဘယ်လိုအကောင့်မျိုးမဆို အခက်အခဲမရှိနဲ့ ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


No comments:

Post a Comment