"Apple ၏ App Store ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် application များ အခမဲ့ ရယူခွင့်ပြု"
ဇူုလိုင် ၉ ရက် (ယနေ့) တွင် App Store
လွှင့်တင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် #Apple က #iPhone နှင့် #iPad
#application များကို အခမဲ့ #download ရယူခွင့်ပေးလျက်ရှိသည်။
အခကြေးငွေဖြင့် download ရယူရသည့် ဂိမ်းအများစုပါဝင်သော application
များကို App Store တွင် အခမဲ့ ရယူနိုင်မည်ဖြစ်သည်။
Apple က အခမဲ့
download ရယူခွင့်ပေးလိုက်သည့် ဂိမ်း App အချို့မှာ #Infinity #Blade #II,
#Tiny #Wings, #Badland နှင့် #Superbrothers: #Sword #and #Sworcery #EP
တို့ဖြစ်ပြီး နာမည်ကြီး DJ App တစ်ခုဖြစ်သည့် #Trator #DJ ကိုလည်း အခမဲ့
ရယူခွင့်ပေးထားသည်။
Traktor DJ မှာ ပုံမှန်အားဖြင့် Apple ၏ App Store တွင် ၁၉.၉၉ ဒေါ်လာ ပေးရသည့် App တစ်ခုဖြစ်သည်။ ထို့အပြင်
#Day #One, #Over, #Barefoot #World #Atlas အစရှိသည့် App များကိုလည်း
အခမဲ့ ရယူနိုင်မည်ဖြစ်သည်။ Apple သည် App Store တွင် ပြီးခဲ့သည့် ၅
နှစ်အတွင်း App ပေါင်း ၈၅၀,၀၀၀ ကို ရေးဆွဲလွှင့်တင်ခဲ့ကြသည့် ကမ္ဘာတစ်ဝန်းမှ
#developer များအတွက် ဒေါ်လာ ၁၀ ဘီလျံကျော် ဝင်ငွေရစေခဲ့ကြောင်း CNBC သတင်းက ဖော်ပြသည်။
App Store မှ တစ်လလျှင် application ၂ ဘီလျံခန့်ကို ကမ္ဘာတစ်ဝန်းရှိ Apple
iOS အသုံးပြုသူများက download ရယူလေ့ရှိကြောင်း သိရသည်။ Apple ၏ App Store
ကို ၂၀၀၈ ခုနှစ် ဇူလိုင် ၉ ရက်တွင် စတင် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။
#PlanetMyanmar
No comments:
Post a Comment