Friday, April 20, 2012

ပေါ်ပေါ်ခြင်း ပျောက်ကွယ်သွားသော နည်းပညာ ၄ မျိုး


၁ ။ အနုမြူဗုံး ကာ သေတ္တာ
      သူ့နာမည်က မီတာဂျိုးဇက်ဖြစ်ပြီး အနုမြူဗုံးကာ သေတ္တာတစ်မျိုးတီထွင်ရန် သူဘ၀ကို မြုတ်နှံထားခဲ့သည် သူရည်ရွယ်သည့် အတိုင်းလည်း အောင်မြင်ခဲ့ပြီး ထိုသေတ္တာမှာ သံလိုက်စက်ကွင်းကို အခြေခံထားခြင်း ဖြစ်ပြီး မည်သည့် ကိရိယာမှ ထိုသေတ္တာကို ဖွင့်ထားလျှက် အနီးပါတ်ဝန်းကျင် ပေ၃၀ မျှ ၀င်မလာနိုင်ပေ။ သူသည် (မီတာ) သေတ္တာကို တီထွင်ပြီးသော်လည်း စမ်းသပ်မကြည့်ရသေးပေ သူအောင်မြင်ခဲ့ပါ ကမ္ဘာကျော်မည် ဖြစ်ပြီး ငွေအမြောက် အများ ပေးပြီး ၀ယ်ယူရန် ကမ်းလှမ်း ထားသူများမှာ မြေပေါ် မြေအောက် စုံလင်လှပေရာ စိတ်ကူးနှင့်ပင် ရှုး ဖြစ်လေသည် စမ်းသပ်ရန်လည်း လိုပေသေးသည် ထို့အပြင် လူသိခံလို့လဲ မဖြစ် သဖြင့် သဲကန္တာရထဲသို့ တိတ်တဆိတ်သွားက ဗုံး တစ်လုံးကို စမ်းသပ် ဖောက်ခွဲလေတော့သည် ။ ထိုအချိန်မှာပင် သူဘ၀မှာ လုံးဝ ပြောင်းလဲ သွားလေတော့သည် ။ ဖြစ်ပုံမှာ တီထွင်ခဲ့သော သေတ္တာမှာ သူစိတ်ကူးအတိုင်းပင် မည်သည့်ပစ္စည်းမျှ ၀င်မလာနိုင်ခြေ သို့သော် သူမှာ တည်ရာမှီရာ မရှိပဲ သတ္တောကိုသာကြောပိုးထားသဖြင့် ဗုံး၏ ပေါက်ကွဲအား၊ သေတ္တာ မှ ထွက်ရှိသော သံလိုက်စက်ကွင်း၏ တွန်းကန်အားဖြင့်၊ လွင့်ထွက်သွားလေရာ ကမ္ဘာမြေပြင်မှ လွင့်ထွက်ကာ စကြာဝဠာ အပြင်ဘက်ကြရောက်လျှက် သေဆုံးသွားလေတော့သည် ။
၂။  ကိုယ်ပျောက်ဆေး
      အီတလီနိုင်ငံ အနောက်ပိုင်းတွင်ဖြစ်ပြီး ဓါတ်ခွဲခန်း ပညာရှင် ဖြစ်သူ ရောဘတ်ဆန်ဂီယို ဆိုသူသည် ဓတုဗေဒတွင် တစ်ဖက်ကမ်းခတ်အောင်ပင် တော်လှပြီး သူများမထွင်သော ပညာများကို တီထွင်ဆန်းသစ်လိုသဖြင့် သူအား လက်တွဲဖော်များကပင် တစ်ဖက်စွန်းရောက်သူ စိတ်မူမမှန်ဟု ထင်ကာ ခပ်ရှောင်ရှောင် လုပ်ခဲ့ကြသည် ။ သူသည် ကိုယ်ပျောက်ဆေး ဖော်စပ်ရန် ဘ၀တစ်ခုလုံး မြုတ်နှံထားပြီး အရှင်မင်းကြီးအား ဆပ်သကာ သူလိုချင်သော အပျိုတော်များထဲမှ ဂျင်နီဘာ အား လက်ဆောင်အဖြစ် တောင်းယူရန် အားခဲထားလေသည် တစ်နေ့တော့ သူရည်ရွယ်ချက် ပြည့်ခဲ့သည် ကိုယ်ပျောက်ဆေးအား အပင်ပန်းခံ ဖော်စပ်ခဲ့ရာ ကြွက်ကလေး မှ လှောင်အိမ်ထဲမှ သူဆေးတိုက်ပီး တစ်နာရီခန့်အထိ ပျောက်နေခဲ့သည် ။  သို့နှင့် သူသည် ဆေးအား ဆပ်သရန် နန်းတော်သို့ ထွက်ခဲ့လေတော့သည် သို့သော် နန်းတော် အနောက်မုဒ်မှ အ၀င် သူ့စိတ်ဝင်စားသော ဂျင်နီဘာ ရေချိုးပြီး အဆောင်တော်ဘက်သို့ ရေကန်မှ တတ်သွားသည်ကို မြင်လိုက်ရသည်နှင့် တပြိုင်နက် ဆေးအား စမ်းသပ်ကာ ဂျင်နီဘာ ထံသို့ သွားချင်စိတ်က လုံးဝ တားမရနိုင်ခဲ့ချေ သို့နှင့် လက်တွေ့ အကောင်အထပ် ဖော်လေတော့သည် ။ နေကလည်း မှောင်စပျိုး ပြီး ခဏနေရင် လုံးလုံးပင် မှောင်တော့မည် ။ သူစိတ်ပိုင်းဖြတ်လိုက်ပီး ဆေးအား ဂွတ်ကနေ မော့ချလိုက်လေတော့သည် နောက်ပီး တစ်လှမ်းချင်းပင် ယောက်ျားဆိုလို အဆောင့်ပင် မ၀င်ရသော အပျိုတော် အဆောင်သို့ ခြေဦးလှည့်ခဲ့လေတော့သည်။ ဂျင်နီဘာ ရေ ကိုလာပီ ရေချိုးပြီးစ ဂျင်နီဘာသည် မှန်တင်ခုံထက်တွင် တဘက်လေး မလုံတစ်လုံ ခြုံထားတာများ သူဘ၀ သေပျော်ပေပြီ အခန်းတခါးအား တွင်းဖွင့်မည် အပြုတွင် အတွင်းတွင် မှောင်နေပြီဖြစ်သဖြင့် ဖယောင်းတိုင်ထွန်းထားသည်ကို သတိမထားမိပဲ အပျိုတော်ထိမ်း တစ်ယောက် ကူးလာသည်ကို မြင်သဖြင့် ရုတ်တရက် မေ့ကာ ပုန်းလိုက်ရာ ဆီမီးခွက်အား တိုက်မိပီး ကွဲအကျ အပျိုတော်ထိမ်း၏ ဓါးက ပိုသွက်ပေသည် ဟေ့ဘယ်သူလဲ ဟု ဆိုကာ အသံကြားရာစီ သို့ ရမ်းခုတ်လိုက်ရာ ခေါင်းပြတ်ကာ ပွဲခြင်းပီလေးတော့သည် ။ သူမေ့သွားတာက မှောင်နေမှတော့ ကိုယ်ပျောက်လဲ အတူတူပဲ မပျောက်လဲ အတူတူပဲ ဖြစ်သည် ။
၃။ မသေဆေး
     အိန်ဒိယ နိုင်ငံ ဘုံဘေ မြို့ အစွန် တဲကုတ်လေးထဲတွင် ဆေးများကို အထူးဂရုစိုက်ကာ ပေါင်းစပ်နေသော ဆေးဆရာကြီး အမီတာဘရမ်ပေး ။ သူစိတ်ကလည်း တစ်မျိုးဖြစ်သည် သူသည် မည်သူကို မယုံ လုံးဝကို အယုံအကြည်မရှိသလို တပည့်တပန်းလည်း မာဖတ် တစ်ယောက်သာ ရွာထဲမှ လူများမှ အူကြောင်ကြောင် ကျပ်မပြည့် ဟုဆိုကာ အဖက်မလုပ်သဖြင့် သူထံတွင် သောင်တင်နေသည် ။ တစ်နေ့တွင် မသေဆေး ကို ကျားကုတ်ကျားကဲ ဖော်စပ်နေရာ အောင်မြင်ခဲ့လေသည် သို့သော် ဆေးသည် အညွှန်းအတိုင်း အတိအကျ သောက်ရမည် ဖြစ်သည် နဲနဲမှ လွဲလိုမဖြစ်ခြေ သူသည် မာဖတ် အား မှာကြားရမည်ကိုလည် မယုံကြည် သူတစ်ခုခု ဖြစ်ခဲ့ပြန်ရင်လည်း မသောက်လိုက်ရမှာ ကစိုး သေးသည် ယခုဆေးသည် အသက်ရှင်နေစဉ်ထက် ရောဂါဝေဒါဖြစ်ခဲ့ရင် ဆေးအညွန်းသာ မှန်ကန်ခဲ့ပါက ယူပြစ်သလိုကို ပျောက်မည်ဖြစ်သည် ။ သို့နှင့် ချီတုံချတုံဖြင့် ဆေးညွှန်းအားလည်း မမှာချင် ပြောလိုက်လို့ သူခိုးသွားရင်ဘယ်လိုလုပ်မလဲ နောက်ထပ်ဖော်ဖို့ဆိုတာ က ဂျင်ဆင်း အမတေက ရှိတော့တာမဟုတ် ထို့သို့ တွေးရင်းတွေးရင်းဖြင့်ပင် လတွေသာ လွန်သွားသည်။ တစ်နေ့ သူတောထဲမှ သစ်ဥတူးရင် တောကောင်ကိုက်သဖြင့် ဒါဏ်ရာ အကြီးအကျယ်ဖြင့် အိမ်သို့ အရောက်ပြန်ခဲ့လေသည် အိမ်သို့ရောက်ရောက်ခြင်း ဆေးရှိတာကို သတိရပြီး မာဖတ် အား လေ့သံပျော့ပျော့ဖြင့်ဆေးရှိရာအား လက်ညိုးထိုးကာ မှာလိုက်လေသည် မာဖတ် သည် စိတ်ချရပေသည် ဆေးအား သူထံသို့ ယူလာပေပြီ သို့နှင့် စိတ်ဒုံးဒုံးချကာ မေ့မြောသွားလေတော့သည် ။ သူပြန်လည် သတိရလာလျင် ကိုယ့်ကို သတိထားကြည်ရာ အခန်းတွင် ကုတင်ပေါ်တွင်ဖြစ်သည် ဒါဏ်ရာမှ ဘာမှ မခံစားရတော့ပေ သို့သော် သူခနဓာကိုယ်သည် လုံးလုံးပင် လှုပ်မရခြေ အသိစိတ်ကတော့ ရှိနေသေးပြီး အမြင်အာရုံ မှုံဝါးဝါး တော့ ရှိသေးသည် သို့သော် မျက်လုံးပင် နည်းနည်းမှ ကစားမရပေ ပါးစပ်မှလည်း နည်းနည်းမှ ဟ မရ လေသံပင် မထွက်တော့ခြေ သူသဘောပေါက်လိုက်လေပြီ မသေဆေး ကို လိမ်းပေးထားခြင်း ဖြစ်ပေသည် ဒါဏ်ရာ ရသည် နေရာ အကုန်လိမ်းပေးထားခြင်း ဖြစ်ပေတော့သည် ။ ထိုအချိန်တွင် မာဖတ် ၀င်လာလေသည် သူနှင့် အတူ ရွာထဲမှ လူကြီးလုပ်သူများ ပါလာလေသည် ။ မာဖတ် ပြောပုံရ မေ့မြောနေသည်မှာ လ နှင့်ပင်ချီနေတော့သည် သို့သော် မသေဆေး အား ဒါဏ်ရာ နေရာများတွင် လူးထားသောကြောင့် ကြွက်သားများ မသေပဲ ဆက်လက်ရှင်သန်နေပေသည် သို့သော် အတွင်းကဖြင့် နည်းနည်းမှ လှုပ်ချင်စိတ်ပင် မရှိအောင် အားအင် ချိနဲနေပေသည် ။ ထို့အပြင် ဘရမ်ပေး အား ယနေ့ပင် မြေမြုပ် ရန် တိုင်ပင်ပီးဖြစ်လေတော့သည် ။ 
၎ ။ ၅၀ တန် ဆင်းကပ် နှင့် ၅၀၀ တန် လက်တော့ (မြန်မာနိုင်ငံအတွက် သီးသန့် ) 
     ပေါ်ပေါ်ခြင်း ပျောက်သွားတော့ ဘာမှန်းကို မသိလိုက်လို့ပါဗျာ

1 comment:

  1. မင်္ဂလာပါ: ပေါ်ပေါ်ခြင်း ပျောက်ကွယ်သွားသော နည်းပညာ ၄ မျိုး >>>>> Download Now

    >>>>> Download Full

    မင်္ဂလာပါ: ပေါ်ပေါ်ခြင်း ပျောက်ကွယ်သွားသော နည်းပညာ ၄ မျိုး >>>>> Download LINK

    >>>>> Download Now

    မင်္ဂလာပါ: ပေါ်ပေါ်ခြင်း ပျောက်ကွယ်သွားသော နည်းပညာ ၄ မျိုး >>>>> Download Full

    >>>>> Download LINK PP

    ReplyDelete